စင်ကာပူနိုင်ငံ၊ Punggol မြို့နယ် (Punggol Walk, Block 308A) တွင် ပြုလုပ်နေသည့် Cross Island Line (CRL) Punggol extension မြေအောက်ရထားလိုင်း တည်ဆောက်ရေးလုပ်ငန်းခွင်မှ စက်ယန္တရား ဆူညံသံများကြောင့် ဒေသခံအချို့ ညဘက်အိပ်စက်အနားယူရန်နှင့် ကျောင်းသူ/သားများ စာကျက်ရန် ခက်ခဲသည့် အကျပ်အတည်းများနှင့် ရင်ဆိုင်နေရကြောင်း ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်နေ့ The Straits Times သတင်းတွင် ဖော်ပြထားသည်။ လွှတ်တော်ကိုယ်စားလှယ်နှင့် ပို့ဆောင်ရေးဆိုင်ရာ အကြီးတန်းဝန်ကြီး Sun Xueling ၏ ပြောကြားချက်အရ မြေပြိုကျမှုမရှိစေရန် ဆောင်ရွက်သည့် Diaphragm Wall တည်ဆောက်ရေးကို ယခုနှစ် (၂၀၂၆) ဒုတိယသုံးလပတ်တွင် စတင်ခဲ့ပြီး နှစ်ကုန်ပိုင်းတွင် အဆိုပါ ဆူညံသောလုပ်ငန်းများ ပြီးစီးမည် ဖြစ်သည်။ ပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ (LTA) က ဆူညံသံအတားအဆီးများ၊ လေဖြည့် Noise Barrier များ တပ်ဆင်ထားသည့်အပြင် ထိခိုက်သူများအား ဆူညံသံကာကွယ်ရေးစောင်များနှင့် အသံလုံနားကြပ်များ ကူညီပေးနေသော်လည်း ဒေသခံအချို့မှာ အလင်းရောင်နှင့် လေဝင်လေထွက် ပိတ်ဆို့သဖြင့် လက်မခံကြပေ။ အဆိုပါ ၇.၃ ကီလိုမီတာ ရှည်လျားသည့် CRL Punggol extension လိုင်းတစ်ခုလုံးကို ၂၀၃၂ ခုနှစ်တွင် အပြည့်အဝ စတင်ပြေးဆွဲရန် ရည်မှန်းထားပြီး၊ လတ်တလောတွင် ဒေသခံများသည် ပြတင်းပေါက်များ ပိတ်ထားခြင်းနှင့် အပြင်ထွက်ခြင်းတို့ဖြင့် ယာယီဖြေရှင်းကာ လုပ်ငန်းစဉ် ပြီးစီးမည့် နှစ်ကုန်ပိုင်းကို မျှော်လင့်နေကြကြောင်း သိရသည်။
စင်ကာပူနိုင်ငံ၊ Punggol မြို့နယ် မြေအောက်ရထားလိုင်း တည်ဆောက်ရေး ဆူညံသံကြောင့် ဒေသခံများ အနားယူမှုနှင့် စာသင်ကြားမှု ထိခိုက်နေ
Aug 14 • 12:02 PM
စင်ကာပူ
ပြည်တွင်းသတင်း
မျှဝေမည်
| 13 | 0 | 0 | 0 |


