back

ထိုင်းတွင် ကလေးစောင့်ရှောက်ရေးဂေဟာအတွင်း ကားဝင်တိုက်သဖြင့် လူ ၁၀ ဦးခန့် ဒဏ်ရာရ

Aug 07 • 12:06 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းတွင် ကလေးစောင့်ရှောက်ရေးဂေဟာအတွင်း ကားဝင်တိုက်သဖြင့် လူ ၁၀ ဦးခန့် ဒဏ်ရာရ

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီပြည်နယ်၊ မူအန်းမြို့နယ်ရှိ ဘန်းနွန်ဆောင်တွန် ကလေးဖွံ့ဖြိုးရေးစင်တာအတွင်းသို့ ယနေ့နံနက်ပိုင်းတွင် ကားတစ်စီး ဝင်တိုက်မှုဖြစ်ပွားခဲ့ရာ လူ ...

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီပြည်နယ်၊ မူအန်းမြို့နယ်ရှိ ဘန်းနွန်ဆောင်တွန် ကလေးဖွံ့ဖြိုးရေးစင်တာအတွင်းသို့ ယနေ့နံနက်ပိုင်းတွင် ကားတစ်စီး ဝင်တိုက်မှုဖြစ်ပွားခဲ့ရာ လူ ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Rattanavudh Foundation ၏ ပြောကြားချက်အရ သိရသည်။ အဆိုပါဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိသူများကို ကယ်ဆယ်ရေးလုပ်သားများနှင့် အရေးပေါ်ဆေးဘက်ဆိုင်ရာအဖွဲ့များက ရှေးဦးသူနာပြုစုပေးကာ အနီးရှိဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ပြီး၊ ယာဉ်ကြောပိတ်ဆို့မှုမရှိစေရန် ရဲတပ်ဖွဲ့က ထိန်းသိမ်းဆောင်ရွက်ပေးခဲ့သည်။ လက်ရှိတွင် ယာဉ်မတော်တဆမှုဖြစ်ပွားရသည့် အကြောင်းအရင်းကို မသိရသေးဘဲ စုံစမ်းစစ်ဆေးဆဲဖြစ်ကာ၊ ကယ်ဆယ်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်အတွက် အဆိုပါဧရိယာသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ကြရန်နှင့် အရေးပေါ်ယာဉ်များကို လမ်းဖယ်ပေးကြရန် တာဝန်ရှိသူများက တိုက်တွန်းထားကြောင်း သိရသည်။

news-view-count-icon

17