တောင်ကိုရီးယားနိုင်ငံတွင် အပူလွန်ကဲသည့် ရာသီဥတုကြောင့် သေဆုံးသူ ၂၀ ကျော်ရှိလာပြီးနောက် သမ္မတ လီက အပူလှိုင်းအန္တရာယ်ကို အစွမ်းကုန် တုံ့ပြန်ဆောင်ရွက်ကြရန် အရေးပေါ်အစည်းအဝေး၌ အမိန့်ပေးညွှန်ကြားခဲ့ကြောင်း သိရသည်။ မြို့တော်ဆောလ်တွင် ကြာသပတေးနေ့၌ အပူချိန်သည် ၃၉ ဒီဂရီစင်တီဂရိတ်အထိ စံချိန်တင်မြင့်တက်ကာ အထွတ်အထိပ်သို့ ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားပြီး၊ သမ္မတ လီက ယခုကဲ့သို့ တစ်ခါမျှမကြုံဖူးသေးသည့် အပူလွန်ကဲမှုဒဏ်ကို နေ့စဉ်ရက်ဆက်ခံစားနေရသဖြင့် အလေးထားကိုင်တွယ်ရန် တိုက်တွန်းပြောကြားခဲ့သည်။
တောင်ကိုရီးယား၌ အပူလှိုင်းဒဏ်ကြောင့် လူ ၂၀ ကျော်သေဆုံးပြီးနောက် အစွမ်းကုန်တုံ့ပြန်ရန် သမ္မတလီ ညွှန်ကြား
Aug 07 • 12:04 PM
တောင်ကိုရီးယား
ပြည်တွင်းသတင်း
မျှဝေမည်
| 11 | 0 | 0 | 0 |


