လာအိုနိုင်ငံတစ်ဝန်းရှိ ပြည်နယ်အများအပြားတွင် ယခုသီတင်းပတ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ကြုံတွေ့နေရသဖြင့် သက်ဆိုင်ရာအာဏာပိုင်များက မြစ်ရေအခြေအနေများကို မျက်ခြေမပြတ်စောင့်ကြည့်ကာ ဒေသခံများအနေဖြင့် ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းအန္တရာယ်ကို သတိပြုကြရန် အရေးပေါ်သတိပေးချက်ထုတ်ပြန်ထားကြောင်း သိရသည်။ ဩဂုတ် ၅ ရက်မှစ၍ ခမ်မိုးနီ (Khammouane) ပြည်နယ်နှင့် လာအိုမြောက်ပိုင်း လျှောင်နမ်သာ (Luang Namtha) ပြည်နယ်တို့တွင် ရုတ်တရက်ရေကြီးမှုများ စတင်ဖြစ်ပွားနေပြီး မိုးဆက်လက်ရွာသွန်းပါက အခြေအနေ ပိုမိုဆိုးရွားလာနိုင်ကြောင်း သတိပေးထားသည်။ လက်ရှိတွင် ဘိုလီခမ်ဆိုင်း (Bolikhamxay)၊ ခမ်မိုးနီ နှင့် လျှောင်နမ်သာပြည်နယ်ရှိ မြစ်ကြီး ၃ စင်းအနီး နေထိုင်သူများကို ဩဂုတ် ၈ ရက်အထိ အထူးဂရုစိုက်ကြရန် အကြောင်းကြားထားသည့်အပြင် ဗန်ဗီယန်း (Vang Vieng) မြို့တွင်လည်း ဩဂုတ် ၇ ရက် နံနက်ပိုင်းတိုင်းထွာချက်အရ မြစ်ရေသည် စိုးရိမ်ရေမှတ်အောက် ၅၀ စင်တီမီတာခန့်သာ လိုတော့ကြောင်းနှင့် ဆာဗန်နာခတ် (Savannakhet) ပြည်နယ်ရှိ ခရိုင် ၁၅ ခုစလုံးကိုလည်း ရေဘေးအန္တရာယ် အမြဲမပြတ် စောင့်ကြည့်ရန် ညွှန်ကြားထားကြောင်း သိရသည်။
လာအိုနိုင်ငံတွင် မြစ်ရေများ စံချိန်တင်မြင့်တက်လာသဖြင့် ပြည်သူများ ရေဘေးအန္တရာယ် သတိပြုရန် နှိုးဆော်ထားပြီး ပြည်နယ်အများအပြား၌ ရေကြီးရေလျှံမှုများ ဖြစ်ပွားနေ
Aug 07 • 12:10 PM
လာအို
ပြည်တွင်းသတင်း
မျှဝေမည်
| 16 | 0 | 0 | 0 |


