တောင်ကိုရီးယားနိုင်ငံ၌ ပြင်းထန်သည့် အပူလှိုင်းကြောင့် သေဆုံးသူ ၁၆ ဦးအထိ မြင့်တက်လာပြီးနောက် အပူလှိုင်းဒဏ်ခံရသူများကို ထောက်ပံ့မှုများ တိုးမြှင့်ပေးရန် သမ္မတ လီဂျေးမြောင်က ဩဂုတ် ၄ ရက်တွင် အာဏာပိုင်များကို တိုက်တွန်းလိုက်သည်။ အစိုးရအဖွဲ့ အစည်းအဝေးတွင် ပြင်းထန်သည့် ရာသီဥတု ဖြစ်စဉ်များ ပိုမိုမကြာခဏ ဖြစ်ပေါ်လာနေကြောင်း သတိပေးခဲ့ပြီး ပြည်သူများ၏ နေ့စဉ် လှုပ်ရှားဆောင်ရွက်မှုများကို အကာအကွယ်ပေးရန် အစီအမံများ လုပ်ဆောင်ရန်နှင့် အဲကွန်း သုံးစွဲမှု မြင့်တက်လာခြင်းကြောင့် လျှပ်စစ်ဓာတ်အားစနစ်များကို စနစ်တကျ စစ်ဆေးထားရန် သမ္မတ လီက မှာကြားခဲ့ကြောင်း သိရသည်။
တောင်ကိုရီးယား၌ အပူလှိုင်းကြောင့် ၁၆ ဦး သေဆုံး၊ ထောက်ပံ့မှုများ မြှင့်တင်ရန် သမ္မတ လီဂျေးမြောင် တိုက်တွန်း
Aug 05 • 11:50 AM
တောင်ကိုရီးယား
ပြည်တွင်းသတင်း
မျှဝေမည်
| 9 | 0 | 0 | 0 |


