back

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချန်ဒူး၌ တနင်္လာနေ့တွင် ရထားခရီးစဉ် ၃၁ ခု ယာယီရပ်နား

Aug 05 • 11:49 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချန်ဒူး၌ တနင်္လာနေ့တွင် ရထားခရီးစဉ် ၃၁ ခု ယာယီရပ်နား

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်၊ ချန်ဒူးမြို့မှ ထွက်ခွာမည့် သို့မဟုတ် ဆိုက်ရောက်မည့် ရထားခရီးစဉ် ၃၁ ခုကို မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တနင်္...

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်၊ ချန်ဒူးမြို့မှ ထွက်ခွာမည့် သို့မဟုတ် ဆိုက်ရောက်မည့် ရထားခရီးစဉ် ၃၁ ခုကို မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တနင်္လာနေ့တွင် ယာယီရပ်နားမည်ဖြစ်ကြောင်း China Railway Chengdu Group Co., Ltd. က ထုတ်ပြန်သည်။ ယခု ရထားခရီးစဉ်များ ရပ်နားမှုသည် ပေကျင်း၊ ရှန်ဟိုင်း၊ ကွမ်ကျိုး၊ ရှန်ကျန်း အပါအဝင် အခြားသော မြို့ကြီးများသို့ ပြေးဆွဲသည့် ခရီးစဉ်များကို ထိခိုက်စေမည်ဖြစ်သည်။ တနင်္ဂနွေနေ့မှ အင်္ဂါနေ့အထိ စီချွမ်း၊ ကွေ့ကျိုးနှင့် ချုံချင့် ဒေသအချို့တွင် မိုးသည်းထန်စွာ ရွာသွန်းမည်ဟု ခန့်မှန်းထားသောကြောင့် ယခုကဲ့သို့ ကြိုတင်ကာကွယ် ရပ်နားခဲ့ခြင်း ဖြစ်သည်။

news-view-count-icon

9