ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ရှိ နေရာ ၂၅ ခုကို ထိုင်းအာဏာပိုင်များက ဝင်ရောက်ရှာဖွေခဲ့ရာ မြန်မာနိုင်ငံသားများအား တရားမဝင် မှတ်ပုံတင်ကတ်များ ထုတ်ပေးနေသည့် ကွန်ရက်ကို ဖော်ထုတ်နိုင်ခဲ့ပြီး အစိုးရဝန်ထမ်း ၃ ဦး အပါအဝင် သံသယရှိသူ ၁၇ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ အဆိုပါ ဂိုဏ်းသည် နိုင်ငံခြားသားတစ်ဦးလျှင် ဘတ် ၄ သောင်းမှ ၁ သိန်းအထိ ရယူ၍ "ဇီရိုးကတ် (zero-registration card)" ၇၀၀ ကျော်ကို မသမာသောနည်းဖြင့် ထုတ်ပေးခဲ့ခြင်းဖြစ်သည်။ အဖမ်းခံရသူများတွင် အစိုးရဝန်ထမ်းများ၊ အာမခံပေးသူများနှင့် မဟုတ်မမှန် အချက်အလက်များဖြင့် ကတ်ပြုလုပ်ထားသည့် မြန်မာနိုင်ငံသားများ ပါဝင်ပြီး လူဦးရေစာရင်းစနစ် အလွဲသုံးစားလုပ်မှုကို တားဆီးရန် စုံစမ်းစစ်ဆေးမှုများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Aug 05 • 11:51 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 11 | 0 | 0 | 0 |


