ငါးနှစ်ခန့် ရပ်နားထားခဲ့သည့် Scania Marcopolo Torino Low Entry City Bus များကို ပြန်လည်ပြုပြင် မွမ်းမံ၍ ဆူးလေ–ဒလ (ဝန်ထမ်းအိမ်ရာ) ယာဉ်လိုင်းတွင် ဩဂုတ် ၁ ရက်မှ စတင်ကာ ပြန်လည်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။ ယခင် BRT Lite နှင့် YBS 37 တို့တွင် ပြေးဆွဲခဲ့ဖူးသော အဆိုပါ ဘတ်စ်ကားများသည် လက်ရှိတွင် ဆူးလေ–ဒလ လိုင်းခွဲများနှင့် ဒလ–တွံတေး ယာဉ်လိုင်းများ၌ နေ့စဉ် နံနက် ၅ နာရီမှ ညနေ ၇ နာရီအတွင်း ပြေးဆွဲပေးနေပြီး သက်သောင့်သက်သာရှိသည့် ယာဉ်များဖြစ်သဖြင့် ဒေသခံ ခရီးသွား ပြည်သူများက ဝမ်းမြောက်စွာ ကြိုဆိုလျက်ရှိသည်။
ရန်ကုန်မြို့၌ ငါးနှစ်ကြာ ရပ်နားထားသည့် Scania Marcopolo ဘတ်စ်ကားများ ဆူးလေ–ဒလ ယာဉ်လိုင်းတွင် ပြန်လည်ပြေးဆွဲ
Aug 04 • 11:57 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 13 | 0 | 0 | 0 |


