back

ထိုင်းနိုင်ငံ၌ ဝါတွင်း ၃ လ အရက်ဖြတ်သည့် ကမ်ပိန်းတွင် လူသန်းပေါင်းများစွာ ပါဝင်ဆင်နွှဲ

Aug 04 • 11:58 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ၌ ဝါတွင်း ၃ လ အရက်ဖြတ်သည့် ကမ်ပိန်းတွင် လူသန်းပေါင်းများစွာ ပါဝင်ဆင်နွှဲ

ထိုင်းနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်များ၏ ဝါတွင်းသုံးလ ကာလအတွင်း အရက်သေစာ သောက်စားခြင်းမှ ရှောင်ကြဉ်ရန် သန်းနှင့်ချီသော ပြည်သူများက ကတိပြု ပါဝင်လျက်ရှိသည်။ ၂၀၀၃ ခုနှစ...

ထိုင်းနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်များ၏ ဝါတွင်းသုံးလ ကာလအတွင်း အရက်သေစာ သောက်စားခြင်းမှ ရှောင်ကြဉ်ရန် သန်းနှင့်ချီသော ပြည်သူများက ကတိပြု ပါဝင်လျက်ရှိသည်။ ၂၀၀၃ ခုနှစ်မှ စတင်ခဲ့သော အဆိုပါ အစီအစဉ်သည် ကျန်းမာရေးနှင့် ဘာသာရေး ယုံကြည်မှုများကို ပေါင်းစပ်ထားခြင်းဖြစ်ပြီး မနှစ်က လူပေါင်း ၈ သန်းကျော် ပါဝင်ခဲ့ကြောင်း သိရသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ၂၀၂၄ ခုနှစ် စာရင်းများအရ အာရှတွင် အရက်သောက်သုံးမှု တတိယအများဆုံးဖြစ်သည့် ထိုင်းနိုင်ငံ၌ ယခုကဲ့သို့ အရက်သောက်သည့် ယဉ်ကျေးမှုကို ပြောင်းလဲနိုင်ရန် တာဝန်ရှိသူများက မဟာဗျူဟာများ ချမှတ် လုပ်ဆောင်လျက်ရှိသည်။

news-view-count-icon

17