back

FIFA ဥက္ကဋ္ဌနေရာအတွက် ဖြစ်နိုင်ခြေရှိသူ လေးဦးကို BBC Sport ဖော်ပြ

Aug 04 • 11:48 AM

breaking-news

မြန်မာ

ပြည်ပ

cover

FIFA ဥက္ကဋ္ဌနေရာအတွက် ဖြစ်နိုင်ခြေရှိသူ လေးဦးကို BBC Sport ဖော်ပြ

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဥက္ကဋ္ဌ အင်ဖန်တီနိုအပေါ် ထောက်ခံမှုများ လျော့ကျကာ အနာဂတ် မရေမရာဖြစ်နေချိန်တွင် BBC Sport က ၎င်း၏နေရာ၌ အစားထိုး ဝင်ရောက်နိုင်သူ လေ...

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဥက္ကဋ္ဌ အင်ဖန်တီနိုအပေါ် ထောက်ခံမှုများ လျော့ကျကာ အနာဂတ် မရေမရာဖြစ်နေချိန်တွင် BBC Sport က ၎င်း၏နေရာ၌ အစားထိုး ဝင်ရောက်နိုင်သူ လေးဦးကို ထုတ်ဖော်ဖော်ပြခဲ့သည်။ BBC Sport ၏ သုံးသပ်ချက်အရ ကွန်ကာကပ်ဖ် ဥက္ကဋ္ဌ မွန်တာဂလီယာနီ၊ အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ အယ်လ်ခါလီဖာ၊ PSG ဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီ နှင့် FIFA အထွေထွေအတွင်းရေးမှူး ဂရက်ဖ်စထရွန်း တို့မှာ ဖြစ်နိုင်ခြေ အရှိဆုံးသူများ ဖြစ်ကြသည်။ ၂၀၂၇ ခုနှစ် မတ်လတွင် ကျင်းပမည့် ဥက္ကဋ္ဌရွေးကောက်ပွဲအတွက် ဥရောပ နိုင်ငံအချို့က အင်ဖန်တီနိုကို မထောက်ခံတော့ကြောင်း ကြေညာထားသော်လည်း အချို့နိုင်ငံများကမူ ဆက်လက် ထောက်ခံထားဆဲ ဖြစ်ကြောင်း သိရသည်။

news-view-count-icon

18