back

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၄) ရှိ Spring Moon Garmentအလုပ်သမားများ ပြေလည်မှုမရသဖြင့် လုပ်ခလစာတိုးရေး ဆက်လက်တောင်းဆို

Aug 04 • 11:49 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၄) ရှိ Spring Moon Garmentအလုပ်သမားများ ပြေလည်မှုမရသဖြင့် လုပ်ခလစာတိုးရေး ဆက်လက်တောင်းဆို

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၄) ရှိ Spring Moon Garment Manufacturing တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံမှ အလုပ်သမား ၁၃၅ ဦးသည် သဘောတူညီမှု မ...

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၄) ရှိ Spring Moon Garment Manufacturing တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံမှ အလုပ်သမား ၁၃၅ ဦးသည် သဘောတူညီမှု မရရှိသေးသဖြင့် ဩဂုတ် ၄ ရက်နေ့တွင် လုပ်ခလစာတိုးမြှင့်ပေးရေး ဆက်လက် တောင်းဆိုလျက်ရှိသည်။ အလုပ်သမားများသည် ဒေးကြေး ၁၃,၀၀၀ ကျပ်၊ အချိန်ပိုကြေး ၂,၅၀၀ ကျပ်၊ ရက်မှန်ကြေးနှင့် ကျွမ်းကျင်ကြေးများ အပါအဝင် မူလတောင်းဆိုချက် ၉ ချက်အတွက် ဇူလိုင် ၈ ရက်မှစ၍ တောင်းဆိုနေကြခြင်းဖြစ်ပြီး ဩဂုတ် ၃ ရက်နေ့ ညှိနှိုင်းမှုတွင်လည်း ပြေလည်မှု မရရှိခဲ့ကြောင်း သိရသည်။

news-view-count-icon

15