back

ရှမ်းပြည်နယ်အရှေ့ပ်ိုင်း၊မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ် မကာဟိုခမ်းရပ်ကွက်ရှိ ရေထိန်းနံရံ ပြိုကျ

Aug 04 • 11:47 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်အရှေ့ပ်ိုင်း၊မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ် မကာဟိုခမ်းရပ်ကွက်ရှိ ရေထိန်းနံရံ ပြိုကျ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တို့အကြား စီးဆင်းနေသည့် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် ဩဂုတ် ၃ ရက်နေ့တွင် မကာဟို...

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တို့အကြား စီးဆင်းနေသည့် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် ဩဂုတ် ၃ ရက်နေ့တွင် မကာဟိုခမ်းရပ်ကွက်ရှိ ချောင်းရေထိန်း မြေသားနံရံ ၁၀ မီတာခန့် ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။ အဆိုပါ ပြိုကျသွားသည့် နေရာအား သဲအိတ်များဖြင့် ပြန်လည်ပြုပြင်နေသော်လည်း ရေရှည်ကြံ့ခိုင်မှုအတွက် ဒေသခံများက စိုးရိမ်လျက်ရှိကြပြီး အနီးဝန်းကျင် မြို့နယ်များ၌ မိုးသည်းထန်စွာ ရွာသွန်းနေသဖြင့် မယ်ဆိုင်ချောင်းရေ ထပ်မံ မြင့်တက်လာနိုင်သည့် အခြေအနေတွင် ရှိနေသည်။

news-view-count-icon

10