back

ထိုင်းနိုင်ငံ၊မဲဆောက်၌ တရားမဝင် ၁၀ နှစ်ကတ်များ ထုတ်ပေးခဲ့သူများကို ပူးပေါင်းအဖွဲ့ အရာရှိ ၁၃၀ ကျော်ဖြင့် စစ်ဆင်ရေးပြုလုပ် ဖမ်းဆီး

Aug 04 • 11:42 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ၊မဲဆောက်၌ တရားမဝင် ၁၀ နှစ်ကတ်များ ထုတ်ပေးခဲ့သူများကို ပူးပေါင်းအဖွဲ့ အရာရှိ ၁၃၀ ကျော်ဖြင့် စစ်ဆင်ရေးပြုလုပ် ဖမ်းဆီး

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်တွင် "ဝ" နံပတ်ဖြင့် စသည့် တရားမဝင် ၁၀ နှစ်ကတ်များ ထုတ်ပေးခဲ့သည့် စည်ပင်သာယာရေး ဝန်ထမ်းများနှင့် နိုင်ငံခြားသားများကို...

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်တွင် "ဝ" နံပတ်ဖြင့် စသည့် တရားမဝင် ၁၀ နှစ်ကတ်များ ထုတ်ပေးခဲ့သည့် စည်ပင်သာယာရေး ဝန်ထမ်းများနှင့် နိုင်ငံခြားသားများကို ဖမ်းဆီးရန် ပူးပေါင်းအဖွဲ့ အရာရှိ ၁၃၀ ကျော်သည် ဖမ်းဝရမ်း ၁၃ ခု၊ ရှာဖွေဝရမ်း ၂ ခုဖြင့် ဩဂုတ် ၄ ရက် နံနက်ပိုင်းတွင် စစ်ဆင်ရေးစတင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဖမ်းဆီးမှုများနှင့် ပတ်သက်၍ ထိုင်းပြည်ထဲရေးဌာန ဒုတိယဝန်ကြီး ဦးဆောင်သော အဖွဲ့က မဲဆောက် လူဝင်မှုကြီးကြပ်ရေးဌာန၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမည် ဖြစ်သည်။

news-view-count-icon

13