back

ဧရာဝတီတိုင်းဒေသကြီး၊လေးမျက်နှာ ရေဘေးကူညီရေး အကြောင်းပြ လိမ်လည်အလှူခံသူများရှိနေ၍ သတိထားကြရန် တိုင်းအစိုးရ ထုတ်ပြန်

Aug 04 • 10:53 AM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ဧရာဝတီတိုင်းဒေသကြီး၊လေးမျက်နှာ ရေဘေးကူညီရေး အကြောင်းပြ လိမ်လည်အလှူခံသူများရှိနေ၍ သတိထားကြရန် တိုင်းအစိုးရ ထုတ်ပြန်

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာ တာတမံ ကျိုးပေါက်မှုကြောင့် ဒုက္ခရောက်နေရသည့် ရေဘေးသင့်ပြည်သူများကို ကူညီမည်ဟုဆိုကာ မသမာသော နည်းလမ်းများဖြင့် လ...

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာ တာတမံ ကျိုးပေါက်မှုကြောင့် ဒုက္ခရောက်နေရသည့် ရေဘေးသင့်ပြည်သူများကို ကူညီမည်ဟုဆိုကာ မသမာသော နည်းလမ်းများဖြင့် လိမ်လည်အလှူခံနေမှုများ ရှိနေသဖြင့် ပြည်သူများ သတိပြုကြရန် တိုင်းဒေသကြီး အစိုးရအဖွဲ့က သတိပေးချက် ထုတ်ပြန်လိုက်သည်။ စေတနာရှင်များ၏ လှူဒါန်းမှုများ မသမာသူများထံ မရောက်ရှိစေဘဲ ဘေးသင့်ပြည်သူများထံ အမှန်တကယ်နှင့် စနစ်တကျ ရောက်ရှိနိုင်ရေးအတွက် တရားဝင် အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာ ကယ်ဆယ်ရေးစခန်းများထံသို့သာ တိုက်ရိုက် ဆက်သွယ်လှူဒါန်းကြရန်လည်း နှိုးဆော်ထားသည်။

news-view-count-icon

12