ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်ကြီးနား-ပူတာအို လမ်းပိုင်း ပျက်စီးကာ ကုန်ကားများ ပိတ်မိနေခြင်းနှင့် မန္တလေး-မြစ်ကြီးနား လမ်းပိုင်း၏ စစ်ဆေးရေးအခြေအနေများကြောင့် ကုန်စည်စီးဆင်းမှု လုံးဝနီးပါး ရပ်ဆိုင်းလျက်ရှိပြီး ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်နေသည်။ မိုင် ၂၀၀ ကျော် ဝေးကွာသော မြစ်ကြီးနားမြို့မှ ပစ္စည်းများ တင်သွင်းရသည့် ပူတာအိုတွင် ဇူလိုင်လကုန်ပိုင်းမှစ၍ ဈေးနှုန်းများ ပိုမိုမြင့်တက်လာခဲ့ရာ ကြက်ဥတစ်သောင်းဖိုး လျှင် ၆-၇ လုံးခန့်သာ ရတော့သည့်အပြင် ယခင်က တစ်ပိဿာလျှင် ကျပ် ၁၀,၀၀၀ ဝန်းကျင်သာရှိသော ခရမ်းချဉ်သီးမှာ ကျပ် ၂၀,၀၀၀ အထိ ဈေးမြင့်သွားပြီး ခရမ်းချဉ်သီး အသေးတစ်လုံးလျှင်ပင် ကျပ် ၁,၀၀၀ အထိ ပေးဝယ်နေရကြောင်း ဒေသခံများထံမှ သိရသည်။
ကချင်ပြည်နယ်၊ပူတာအို၌ ကုန်စည်စီးဆင်းမှု ရပ်ဆိုင်းနေသဖြင့် ခရမ်းချဉ်သီးတစ်လုံး ကျပ် ၁,၀၀၀ အထိ ဈေးမြင့်တက်
Aug 04 • 10:22 AM
မြန်မာ
ကချင်
မျှဝေမည်
| 23 | 0 | 0 | 0 |


