back

မုန့်ဖိုးထဲမှ ကံစမ်းရာမှ ထီကျပ်သိန်း ၅,၀၀၀ ကံထူး၍ ဖခင်ဖြစ်သူအား ကားသစ်တစ်စီး ဝယ်ယူကန်တော့ခဲ့သည့် ကျောင်းသူလေး မချစ်ဆုလင်း

Aug 04 • 7:49 AM

breaking-news

မြန်မာ

မန္တလေး

cover

မုန့်ဖိုးထဲမှ ကံစမ်းရာမှ ထီကျပ်သိန်း ၅,၀၀၀ ကံထူး၍ ဖခင်ဖြစ်သူအား ကားသစ်တစ်စီး ဝယ်ယူကန်တော့ခဲ့သည့် ကျောင်းသူလေး မချစ်ဆုလင်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ကြက်မင်းတွန်ကျေးရွာမှ ကျောင်းသူလေး မချစ်ဆုလင်းသည် ကျောင်းမုန့်ဖိုးထဲမှ ကျပ် ၆,၅၀၀ ဖြင့် မိုးယံထီကားမှ ထီလက်မှတ် ကံစမ်းခ...

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ကြက်မင်းတွန်ကျေးရွာမှ ကျောင်းသူလေး မချစ်ဆုလင်းသည် ကျောင်းမုန့်ဖိုးထဲမှ ကျပ် ၆,၅၀၀ ဖြင့် မိုးယံထီကားမှ ထီလက်မှတ် ကံစမ်းခဲ့ရာမှ ကျပ်သိန်း ၅,၀၀၀ ဆုကြီး ကံထူးခဲ့ကြောင်း သိရသည်။ ဘာသာရေးလိုက်စားသူ မိဘကျေးဇူးသိတတ်သည့် သူမသည် ထီပေါက်ပါက ဖခင်ဖြစ်သူ လိုချင်နေသည့် ကားသစ်ကြီး ဝယ်ပေးမည်ဟု အမြဲစိတ်ကူးထားခဲ့ရာ မိုးယံဆိုင်မှ ဆုငွေများ ထုတ်ယူပြီးသည်နှင့် ဖခင်ဖြစ်သူအတွက် အာတီဂါ (Ertiga) ကားသစ်တစ်စီးအား ချက်ချင်း သွားရောက်ဝယ်ယူ ကန်တော့ခဲ့သည်။ မိုးယံထီဆိုင်မှပင် ပြီးခဲ့သည့်လက တောင်ဥက္ကလာပမြို့နယ်မှ အမျိုးသမီးတစ်ဦး ကျပ်သိန်း ၅,၀၀၀ ဆု ကံထူးခဲ့ဖူးပြီး ယခုလတွင် မချစ်ဆုလင်း ကံထူးခဲ့ခြင်း ဖြစ်သည်။

news-view-count-icon

18