မြောက်ကိုရီးယား၏ ဒုံးကျည်နှင့် လေကြောင်းဆိုင်ရာ ခြိမ်းခြောက်မှုများကို တုံ့ပြန်ရန်အတွက် ယမန်နေ့က တောင်ကိုရီးယား စစ်တပ်သည် ပြည်တွင်း၌ ကိုယ်တိုင်ထုတ်လုပ်ထားသည့် Cheongung-II (M-SAM-II) မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည် ကာကွယ်ရေးစနစ်၏ ၂၀၂၆ ခုနှစ်အတွက် ပထမအသုတ် စက်ပစ္စည်းများကို ဂျောင်ဂီပြည်နယ် (Gyeonggi) ရှိ တပ်စခန်းများတွင် စတင်တပ်ဆင်၍ တာဝန်ထမ်းဆောင်စေခဲ့သည်။အဆိုပါ Cheongung-II စနစ်သည် ရန်သူ့ ဒုံးကျည်များကို နိမ့်သည့် အမြင့်တန်း၌ ကြားဖြတ်ဟန့်တား ဖျက်ဆီးပေးနိုင်သော တောင်ကိုရီးယား၏ အဓိက လေကြောင်းကာကွယ်ရေး အလွှာတစ်ရပ် ဖြစ်သည်။ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနသည် လာမည့် ၂၀၂၀ ပြည့်လွန်နှစ်များ အကုန်တွင် တာဝေးပစ် လေကြောင်းကာကွယ်ရေးစနစ် (L-SAM) ကိုပါ ထပ်မံပေါင်းစပ်၍ အထက်နှင့် အောက် ကာကွယ်ရေးအလွှာများ စနစ်တကျ ပေါင်းစပ်ထားသည့် ဘောလစ်စတစ် ဒုံးကျည် ကာကွယ်ရေး ကွန်ရက်ကို ပိုမိုခိုင်မာအောင် တည်ဆောက်သွားမည်ဖြစ်သည်။ ထို့ပြင် နောက်မျိုးဆက် M-SAM-III၊ L-SAM-II နှင့် လေဆာလက်နက် နည်းပညာများကိုပါ ဆက်လက်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်လျက်ရှိသည်။
တောင်ကိုရီးယားက မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများ မြင့်တက်လာချိန်တွင် မျိုးဆက်သစ် ဒုံးကျည်ကာကွယ်ရေးစနစ်ကို စတင်တပ်ဆင်
Aug 04 • 7:16 AM
တောင်ကိုရီးယား
ပြည်တွင်းသတင်း
မျှဝေမည်
| 10 | 0 | 0 | 0 |


