ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Sampheng ဧရိယာရှိ ဆိုင်များတွင် ထိုင်းစက်မှုစံချိန်စံညွှန်း အမှတ်အသား (TISI mark) မပါဝင်သော ဘတ် ၁ သန်းကျော် တန်ဖိုးရှိ စကွီရှီ (Squishy) အရုပ်ပေါင်း ၁၉,၆၆၅ ရုပ်ကို ထိုင်းစက်မှုစံချိန်စံညွှန်းဌာန (TISI) က သိမ်းဆည်းရမိခဲ့သည်။ အဆိုပါ ထောက်ခံချက်မပါသည့် အရုပ်များတွင် မလုံခြုံသော ဓာတုပစ္စည်းများနှင့် လေးလံသည့် သတ္တုများ ပါဝင်နိုင်သဖြင့် ကလေးများအတွက် ဓာတုဗေဒဆိုင်ရာ၊ အသက်ရှူကျပ် စို့နင့်မှုဆိုင်ရာနှင့် သန့်ရှင်းရေးဆိုင်ရာ အန္တရာယ်များ ဖြစ်စေနိုင်ကြောင်း သတိပေးထားသည်။ လက်ရှိတွင် ခွင့်ပြုချက်မရှိဘဲ တင်သွင်းခဲ့သည့် လုပ်ငန်းတစ်ခုအပါအဝင် စီးပွားရေးလုပ်ငန်း ၆ ခုကို တရားဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဘန်ကောက် Sampheng ဈေးတွင် စံနှုန်းမမီသည့် Squishy အရုပ် ၂ သောင်းနီးပါး သိမ်းဆည်းခဲ့ပြီး ကလေးများအတွက် အန္တရာယ်ရှိနိုင်ကြောင်း သတိပေး
Aug 04 • 10:55 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 14 | 0 | 0 | 0 |


