ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနသည် နိုင်ငံ၏ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ လျှို့ဝှက်ချက် အချက်အလက်များကို ဆိုက်ဘာ တိုက်ခိုက်မှုများနှင့် အချက်အလက် ပေါက်ကြားမှုများမှ ကာကွယ်ရန်အတွက် သီးသန့် သီးခြား Cloud စနစ်တစ်ခုကို စတင်ထူထောင်ရန် ပြင်ဆင်လျက်ရှိသည်။အဆိုပါ Cloud စနစ်သည် ပြင်ပ အင်တာနက် ကွန်ရက်များနှင့် လုံးဝ ချိတ်ဆက်ထားခြင်း မရှိဘဲ လုံခြုံရေး အမြင့်ဆုံး အဆင့်မြှင့်တင်ထားသည့် သီးသန့် ကွန်ရက်တစ်ခု အဖြစ် လည်ပတ်မည်ဖြစ်သည်။ ယင်းစနစ်အတွင်း တပ်မတော်ဆိုင်ရာ နည်းဗျူဟာများ၊ လက်နက်စနစ် အချက်အလက်များနှင့် လုံခြုံရေးဆိုင်ရာ လျှို့ဝှက်စာရွက်စာတမ်းများကို စနစ်တကျ သိမ်းဆည်းသွားမည်ဖြစ်ပြီး ဂျပန်အစိုးရအနေဖြင့် ဆိုက်ဘာ လုံခြုံရေး ပိုမို အားကောင်းစေရန်နှင့် မဟာမိတ် နိုင်ငံများနှင့် သတင်းအချက်အလက် လုံခြုံစွာ ဖလှယ်နိုင်ရေးအတွက် ရည်ရွယ်၍ အကောင်အထည်ဖော်ခြင်း ဖြစ်သည်။
ဂျပန်အစိုးရက ကာကွယ်ရေးဆိုင်ရာ လျှို့ဝှက်ချက် အချက်အလက်များကို သိမ်းဆည်းရန် သီးသန့် Cloud စနစ် ထူထောင်မည်ဟုဆို
Aug 04 • 3:53 AM
ဂျပန်
ပြည်တွင်းသတင်း
မျှဝေမည်
| 14 | 0 | 0 | 0 |


