ပြည်တွင်း ကားဈေးကွက်အတွင်း လတ်တလော ထွက်ပေါ်နေသော ကောလာဟလ သတင်းများကြောင့် နှစ်လခန့် အရောင်းအဝယ် ပါးနေသည့် အရည်ကြို ကားများ (မော်ဒယ် ၂၀၀၆ အောက်) ဈေးတန်း ပြန်လည် လှုပ်ခတ် မြင့်တက်လာကြောင်း ရန်ကုန်နှင့် မန္တလေး ကားဈေးကွက် သတင်း ရင်းမြစ်များထံမှ သိရသည်။ပြီးခဲ့သည့် မေလကုန်ပိုင်းက သက်တမ်း ၂၀ ကျော်လွန်သည့် ကားများကို EV လျှပ်စစ်ကားများဖြင့် အစားထိုး လဲလှယ်ခွင့်ပြုမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက် ကြောင့် အဆိုပါ ကားများ အရောင်းအဝယ် အေးစက်ခဲ့သည်။ သို့သော် လက်ရှိတွင် မော်ဒယ် ၂၀၀၆ အောက် ကားများကို အပ်နှံရန် မလိုသေးဟု ဆိုသည့် နောက်ဆက်တွဲ သတင်းများနှင့်အတူ ဝယ်လိုအား ရုတ်တရက် မြင့်တက်လာပြီး ကားဝယ်ရောင်း ပွဲစားများက ယခင် ပေါက်ဈေးထက် အမြင့်ဈေး ပေး၍ လိုက်လံ ဝယ်ယူနေကြကြောင်း သိရသည်။
Aug 04 • 3:51 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 29 | 0 | 0 | 0 |


