ကမ္ဘောဒီးယား ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနသည် ဆီယမ်ရိ (Siem Reap) ပြည်နယ်ရှိ ဟိုတယ်နှင့် ခရီးသွား အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ Green Season ကာလအတွင်း ခရီးသွားလုပ်ငန်း မြှင့်တင်ရန်အတွက် "2026 Siem Reap Tourism Service Mega Sale" အစီအစဉ်ကို ဩဂုတ်လ ၁ ရက်နေ့မှ စတင်၍ မိတ်ဆက်လိုက်သည်။အဆိုပါ အစီအစဉ်အရ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များသည် ကြယ်ပွင့် ၃ ပွငိ့မှ ၅ပွင့်အဆင့်ရှိ ဟိုတယ်နှင့် ခရီးသွား ဝန်ဆောင်မှုများကို www.cambodiawonder.com ဝဘ်ဆိုက်မှတစ်ဆင့် ဘွတ်ကင်လုပ်ယူပါက ၁၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ လျှော့စျေးနှုန်းထားများ ရရှိမည်ဖြစ်သည်။ အာဏာပိုင်များက ယခုအစီအစဉ်မှတစ်ဆင့် ဆီယမ်ရိ ဒေသတွင်း ခရီးသွားလုပ်ငန်း စီးပွားရေး ပိုမိုပြန်လည် အားကောင်းလာစေရန် မျှော်လင့်လျက်ရှိသည်။
ကမ္ဘောဒီးယားရှိ ဆီယမ်ရိ အပန်းဖြေစခန်းများတွင် ခရီးသွားများအတွက် ၅၀ ရာခိုင်နှုန်းအထိ လျှော့စျေးကြီး အစီအစဉ် စတင်
Aug 04 • 3:50 AM
ကမ္ဘောဒီးယား
ပြည်တွင်းသတင်း
မျှဝေမည်
| 14 | 0 | 0 | 0 |


