back

၂၀၂၆ ပညာသင်နှစ် အဝေးသင် ကျောင်းအပ်လက်ခံမှု ဩဂုတ် ၁၄ ရက်အထိ နောက်ဆုံးအကြိမ် ထပ်မံတိုးမြှင့်

Aug 04 • 3:14 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

၂၀၂၆ ပညာသင်နှစ် အဝေးသင် ကျောင်းအပ်လက်ခံမှု ဩဂုတ် ၁၄ ရက်အထိ နောက်ဆုံးအကြိမ် ထပ်မံတိုးမြှင့်

၂၀၂၆ ပညာသင်နှစ် အဝေးသင် သင်တန်းများ၏ ကျောင်းဝင် မှတ်ပုံတင်ခြင်းကို ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေစေရန်အတွက် နောက်ဆုံးအကြိမ်အဖြစ် ဩဂုတ် ၁၄ ရက်အထိ ထပ်မံ တိုးမြ...

၂၀၂၆ ပညာသင်နှစ် အဝေးသင် သင်တန်းများ၏ ကျောင်းဝင် မှတ်ပုံတင်ခြင်းကို ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေစေရန်အတွက် နောက်ဆုံးအကြိမ်အဖြစ် ဩဂုတ် ၁၄ ရက်အထိ ထပ်မံ တိုးမြှင့် လက်ခံပေးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနထံမှ သိရသည်။၂၀၂၅ ခုနှစ်နှင့် ယခင်နှစ်များတွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ထားသူများအနေဖြင့် ဩဂုတ် ၁၄ ရက်အထိ (စနေ၊ တနင်္ဂနွေ မပါ) သက်ဆိုင်ရာ တက္ကသိုလ်များသို့ ကိုယ်တိုင် သွားရောက်၍ ကျောင်းအပ်နှံနိုင်သည်။ ယင်းရက် ကျော်လွန်ပါက မည်သည့်နည်းလမ်းဖြင့်မျှ ထပ်မံ လက်ခံမည် မဟုတ်ကြောင်း သက်ဆိုင်ရာက အသိပေးထားသည်။ကျောင်းအပ်နှံရာတွင် တက္ကသိုလ်ဝင်တန်း အောင်လက်မှတ်၊ အမှတ်စာရင်း၊ ကျောင်းသား/သူနှင့် မိဘနှစ်ပါး၏ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုဇယား၊ ရပ်ကွက်နှင့် ရဲစခန်း ထောက်ခံစာများနှင့် လိုင်စင်ဓာတ်ပုံ (၈) ပုံတို့ကို တင်ပြရမည် ဖြစ်သည်။

news-view-count-icon

48