ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ် အပါအဝင် ဟင်္သာတနှင့် မြန်အောင်ခရိုင်အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးခဲ့ရသည့် မိုးစပါးစိုက်ခင်းများအတွက် လိုအပ်သည့် ထောက်ပံ့မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) က ထုတ်ပြန်ထားသည်။အဆိုပါ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆန်စပါးအသင်းချုပ်နှင့် အသင်းဝင်ကုမ္ပဏီများက တိုင်းဒေသကြီး အစိုးရအဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ ပံ့ပိုးပေးသွားမည်ဖြစ်သည်။ ဧရာဝတီတိုင်းအတွင်း စိုက်ပျိုးထားသည့် မိုးစပါးဧက ၃ ဒသမ ၇ သန်းအနက် ၀ ဒသမ ၃၁ ရာခိုင်နှုန်းခန့် ရေနစ်မြုပ်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အပြီးတိုင် ပျက်စီးသွားသည့် လယ်ကွက်များအတွက် သက်တမ်းတိုစပါးမျိုးများ သို့မဟုတ် မတ်ပဲ၊ ပဲပုတ်ကဲ့သို့ ဆောင်းသီးနှံများ အချိန်မီ အစားထိုးစိုက်ပျိုးနိုင်ရန် မျိုးစေ့များ ကြိုတင်စုဆောင်းခြင်းနှင့် နည်းပညာပေး ပံ့ပိုးမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Aug 04 • 3:10 AM
မြန်မာ
ဧရာ၀တီ
မျှဝေမည်
| 42 | 0 | 0 | 0 |


