ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ မင်းရဲကျော်စွာရပ်ကွက်ရှိ ရန်ကုန်-ပြည် လမ်းမဘေးတွင် ဩဂုတ် ၄ ရက် နံနက် ၇ နာရီ ၂၃ မိနစ်ခန့်က သစ်ပင်လဲကျကာ လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့သည်။ဖြစ်စဉ်နေရာသို့ ဥက္ကံမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ကာ ယာဉ်အန္တရာယ် မဖြစ်ပေါ်စေရေးနှင့် လမ်းပန်းဆက်သွယ်ရေး ပုံမှန်အတိုင်း ပြန်လည်ကောင်းမွန်စေရေးအတွက် ရှင်းလင်းရေးလုပ်ငန်းများ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။


