back

ကချင်ပြည်နယ်၊ ပူတာအိုဒေသ၌ ခရမ်းချဉ်သီးတစ်လုံး ကျပ် ၁,၀၀၀ အထိ ဈေးနှုန်းမြင့်တက်

Aug 04 • 2:40 AM

breaking-news

မြန်မာ

ကချင်

cover

ကချင်ပြည်နယ်၊ ပူတာအိုဒေသ၌ ခရမ်းချဉ်သီးတစ်လုံး ကျပ် ၁,၀၀၀ အထိ ဈေးနှုန်းမြင့်တက်

ကချင်ပြည်နယ်၊ ပူတာအိုဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပူတာအို-မြစ်ကြီးနား ကားလမ်းပိုင်း ပျက်စီးကာ ကုန်ကားကြီးများ သွားလာခွင့် ယာယီရပ်နားထားရသဖြင့် ကုန်...

ကချင်ပြည်နယ်၊ ပူတာအိုဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပူတာအို-မြစ်ကြီးနား ကားလမ်းပိုင်း ပျက်စီးကာ ကုန်ကားကြီးများ သွားလာခွင့် ယာယီရပ်နားထားရသဖြင့် ကုန်စည် ဝင်ရောက်မှု အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။ထို့ပြင် မန္တလေး-မြစ်ကြီးနား လမ်းပိုင်းရှိ နယ်မြေ အခြေအနေများကြောင့်လည်း ကုန်စည် သယ်ယူရခက်ခဲနေပြီး ဇူလိုင်လကုန်ပိုင်းမှစ၍ ပူတာအိုဒေသ၌ အခြေခံ စားသောက်ကုန် ဈေးနှုန်းများ ဆက်တိုက် မြင့်တက်လာခဲ့သည်။လက်ရှိတွင် ခရမ်းချဉ်သီး ဈေးနှုန်းမှာ အရင်က တစ်ပိဿာလျှင် ကျပ် ၉,၀၀၀ မှ ၁၀,၀၀၀ ဝန်းကျင်သာ ရှိခဲ့ရာမှ ကျပ် ၂၀,၀၀၀ (တစ်လုံးလျှင် ကျပ် ၁,၀၀၀ ခန့်) အထိ ဈေးမြင့်တက်သွားခဲ့သည်။အလားတူ ကြက်ဥ၊ ကြက်သွန်နီနှင့် မြစ်ကြီးနား၊ မန္တလေးတို့မှ တင်သွင်းသည့် ကြက်သား၊ ငါး အပါအဝင် အခြား အခြေခံ စားသောက်ကုန်များလည်း ဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

news-view-count-icon

14