back

ဗီယက်နမ်၌ လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်သူများကို အမေရိကန်ဒေါ်လာ ၁,၁၄၀ အထိ ဒဏ်ရိုက်မည်ဖြစ်

Aug 04 • 2:39 AM

breaking-news

ဗီယက်နမ်

ပြည်တွင်းသတင်း

cover

ဗီယက်နမ်၌ လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်သူများကို အမေရိကန်ဒေါ်လာ ၁,၁၄၀ အထိ ဒဏ်ရိုက်မည်ဖြစ်

ဗီယက်နမ်နိုင်ငံတွင် စက်တင်ဘာလမှ စတင်အသက်ဝင်မည့် အစိုးရ၏ အမိန့်ကြော်ငြာစာသစ် (Decree No. 283/2026/ND-CP) အရ လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်...

ဗီယက်နမ်နိုင်ငံတွင် စက်တင်ဘာလမှ စတင်အသက်ဝင်မည့် အစိုးရ၏ အမိန့်ကြော်ငြာစာသစ် (Decree No. 283/2026/ND-CP) အရ လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု ကျူးလွန်သူများကို ဗီယက်နမ်ဒေါင် ၁၅ သန်းမှ သန်း ၃၀ အထိ (အမေရိကန်ဒေါ်လာ ၅၇၀ မှ ၁,၁၄၀ အထိ) ဒဏ်ငွေရိုက်မည်ဖြစ်ပြီး နစ်နာသူအား အများပြည်သူရှေ့တွင် လူသိရှင်ကြား တောင်းပန်စေမည်ဖြစ်သည်။အဆိုပါ အမိန့်ကြော်ငြာစာတွင် ရုပ်ပိုင်းဆိုင်ရာ၊ နှုတ်အားဖြင့် သို့မဟုတ် အမူအရာဖြင့် လိင်ပိုင်းဆိုင်ရာ မလျော်မကန် ထိပါးနှောင့်ယှက်မှု အားလုံး ပါဝင်ပြီး ရာဇဝတ်ကြောင်းအရ အရေးယူခံရသည့် အဆင့်အထိ မရောက်ရှိသေးသော ဖြစ်စဉ်များကို အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ပြစ်ဒဏ်အဖြစ် ဒဏ်ရိုက်သွားမည်ဖြစ်သည်။ ထို့ပြင် လုပ်ငန်းခွင်ဆိုသည်မှာ ပုံမှန်ရုံးခန်းများသာမက လုပ်ငန်းခွင် လေ့ကျင့်ရေးသင်တန်းများ၊ ခရီးစဉ်များနှင့် လုပ်ငန်းဆိုင်ရာ အခမ်းအနားများကိုပါ အကျုံးဝင်သတ်မှတ်ထားသည်။ နစ်နာသူများအနေဖြင့် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခံရပါက ကြိုတင်အကြောင်းကြားစာ မလိုဘဲ အလုပ်မှ ချက်ချင်း နှုတ်ထွက်ခွင့်ရှိမည် ဖြစ်သည်။

news-view-count-icon

12