နောက်ဆုံး Spider-Man ရုပ်ရှင် ထွက်ရှိခဲ့ပြီး ငါးနှစ်နီးပါး အကြာတွင် ထွက်ရှိလာသည့် “Spider-Man: Brand New Day” ရုပ်ရှင်ဇာတ်ကားသည် ၂၀၂၆ ခုနှစ် ဇူလိုင်လကုန်ပိုင်းတွင် စတင်ရုံတင်ပြသခဲ့ရာ ပွဲဦးထွက် သီတင်းပတ် အတွင်းမှာပင် ကမ္ဘာတစ်ဝန်း ရုံဝင်ငွေ ဒေါ်လာ ၉၂၇ သန်းအထိ ရရှိခဲ့ကြောင်း CNN သတင်းတွင် ဖော်ပြထားသည်။အဆိုပါ ရုပ်ရှင်သည် အမေရိကန်နှင့် ကနေဒါ ဈေးကွက်တွင် ဒေါ်လာ ၃၅၅ သန်း၊ အခြား ပြည်ပဈေးကွက်များမှ ဒေါ်လာ ၅၇၂ သန်း ရရှိခဲ့ပြီး "Avengers: Endgame" ပြီးလျှင် ဒုတိယမြောက် ပွဲဦးထွက် ရုံဝင်ငွေ အများဆုံး ရုပ်ရှင်ဖြစ်လာခဲ့သည်။မင်းသား တွမ်ဟော်လန် (Tom Holland) နှင့် ဇန်ဒါယာ (Zendaya) တို့ ပြန်လည် ပါဝင်ထားပြီး ဒါရိုက်တာ ခရက်တန် (Destin Daniel Cretton) ရိုက်ကူးထားသည့် ယင်းရုပ်ရှင်သည် မကြာမီ ရုံဝင်ငွေ ဒေါ်လာ ၁ ဘီလီယံကျော်အထိ ရောက်ရှိရန် မျှော်လင့်ထားကြသည်။
Aug 04 • 2:38 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 28 | 0 | 0 | 0 |


