ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ အမှတ် (၅) ရပ်ကွက်တွင် အမျိုးသမီး အတွင်းခံဝတ်စုံများ ခိုးယူသည့် တရုတ်အမျိုးသားတစ်ဦးကို ဩဂုတ် ၃ ရက်က ရပ်ကွက်နေ လူထုက ဖမ်းဆီးရမိခဲ့သည်။
ခိုးယူခံရသူ အမျိုးသမီးသည် အဆိုပါ အမျိုးသားအား ၎င်းခိုးယူထားသည့် အတွင်းခံများကို ခါးတွင် ချိတ်ဆွဲ စည်းနှောင်စေကာ ရပ်ကွက်လမ်းများအတိုင်း လမ်းလျှောက် စေခဲ့ကြောင်း သိရသည်။ ၎င်းအမျိုးသားကို စိတ်ကျန်းမာရေး မကောင်းသူဟု ယူဆမှုများ ရှိသော်လည်း ထိန်းသိမ်းရမိပြီးနောက် ရဲစခန်းသို့ အပ်နှံခဲ့သည်။လက်ရှိ လားရှိုးမြို့တွင် ပြစ်မှုကျူးလွန်သူများကို ပြည်သူများက ကိုယ်တိုင် ဖမ်းဆီးပြီးမှ သက်ဆိုင်ရာ ရဲစခန်းသို့ လွှဲပြောင်း ပေးနေရသည့် အခြေအနေများ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။


