back

မြန်မာအမျိုးသမီး လက်ရွေးစင် တိုက်စစ်မှူး မေထက်လူ ဧရာဝတီအသင်း၌ ပြန်လည် ပါဝင်ကစား

Aug 04 • 2:12 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာအမျိုးသမီး လက်ရွေးစင် တိုက်စစ်မှူး မေထက်လူ ဧရာဝတီအသင်း၌ ပြန်လည် ပါဝင်ကစား

ကျောင်းပညာရေးနှင့် ကိုယ်ရေးကိုယ်တာ ကိစ္စများကြောင့် ဧရာဝတီ အမျိုးသမီး အသင်း၏ ပွဲစဉ်အချို့ကို လွဲချော်ခဲ့သည့် မြန်မာအမျိုးသမီး လက်ရွေးစင် တိုက်စစ်မှူး မေထက်လူသည်...

ကျောင်းပညာရေးနှင့် ကိုယ်ရေးကိုယ်တာ ကိစ္စများကြောင့် ဧရာဝတီ အမျိုးသမီး အသင်း၏ ပွဲစဉ်အချို့ကို လွဲချော်ခဲ့သည့် မြန်မာအမျိုးသမီး လက်ရွေးစင် တိုက်စစ်မှူး မေထက်လူသည် အသင်းသို့ ပြန်လည် ရောက်ရှိကာ ပါဝင် ကစားနေပြီ ဖြစ်သည်။မေထက်လူသည် ဇူလိုင်လ နောက်ဆုံးပတ်မှစ၍ ဧရာဝတီ အသင်းနှင့် ပြန်လည် ပူးပေါင်းခဲ့ပြီး ဇူလိုင် ၂၇ ရက်က ရတနာပုံ အသင်းနှင့် ၁ - ၁ ဂိုး သရေကျခဲ့သည့် မြန်မာအမျိုးသမီး လိဂ် ပွဲစဉ် (၇) တွင် လူစားဝင် ကစားပေးခဲ့သည်။လက်ရှိတွင် ၎င်းသည် အသင်းနှင့်အတူ ပုံမှန် လေ့ကျင့်မှုများ ပြုလုပ်နေပြီး ဩဂုတ် ၄ ရက်တွင် ရန်ကုန်စီးတီး အသင်းနှင့် ယှဉ်ပြိုင်ရမည့် ပွဲစဉ်အတွက် ပြင်ဆင်လျက် ရှိသည်။ မြန်မာအမျိုးသမီး လိဂ် လက်ရှိ ချန်ပီယံ ဧရာဝတီ အသင်းသည် ဂျပန် အမျိုးသမီး နည်းပြ ကူမီကိုတာရှိရိုကို ခေါ်ယူ ကိုင်တွယ်စေလျက် ရှိသည်။

news-view-count-icon

28