လာအို လက်ရွေးစင် အသင်း နည်းပြဖြစ်သူ ဆာဘီးယား အမျိုးသား ဗလာဒီကာဂလူဂျစ် က မြန်မာအသင်းနှင့် ယှဉ်ပြိုင်ရမည့် ပွဲစဉ်မတိုင်မီ ပွဲကြို သတင်းစာ ရှင်းလင်းပွဲ၌ မြန်မာအသင်းအား ဂိုးသွင်းယူနိုင်ရန် မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။လာအိုအသင်းသည် ၂၀၂၆ အာဆီယံ ဟွန်ဒိုင်းဖလား ပြိုင်ပွဲ အုပ်စုအဆင့် ၃ ပွဲ လုံးတွင် ထိုင်း၊ မလေးရှားနှင့် ဖိလစ်ပိုင် အသင်းတို့အား ရှုံးနိမ့်ကာ အုပ်စုမှ ထွက်ခဲ့ရပြီး ဖြစ်သည်။ နည်းပြ ဂလူဂျစ် က လွန်ခဲ့သည့် ပွဲများမှ အမှားများကို ပြန်လည် ပြင်ဆင်ထားပြီး ဖြစ်၍ နောက်ဆုံး ပွဲစဉ်ဖြစ်သည့် မြန်မာအသင်းနှင့် ပွဲတွင် ရလဒ်ကောင်း ရရှိရန် ကြိုးပမ်းသွားမည်ဟု ဆိုသည်။မြန်မာနှင့် လာအိုတို့၏ နောက်ဆုံး တွေ့ဆုံမှု ဖြစ်သည့် ၂၀၂၄ အာဆီယံ ချန်ပီယံရှစ် ပြိုင်ပွဲတွင် မြန်မာအသင်းက ၃ - ၂ ဂိုးဖြင့် အနိုင်ရရှိထားခဲ့သည်။ နည်းပြ ဂလူဂျစ်ကို လာအို ဘောလုံး အဖွဲ့ချုပ် (LFF) က ပြီးခဲ့သည့် ဖေဖော်ဝါရီလ အတွင်းကမှ နည်းပြချုပ်အဖြစ် ခန့်အပ်ထားခြင်း ဖြစ်သည်။
Aug 04 • 1:58 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 32 | 0 | 0 | 0 |


