အနောက်တောင်မုတ်သုံလေ အားကောင်းနေသဖြင့် ဘန်ကောက်နှင့် အနီးတစ်ဝိုက် အပါအဝင် ထိုင်းနိုင်ငံတစ်ဝန်းရှိ ခရိုင်ပေါင်း ၃၂ ခု၌ မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းမည်ဖြစ်ကြောင်း ထိုင်းမိုးလေဝသဌာနက ဩဂုတ် ၃ ရက်တွင် သတိပေးချက် ထုတ်ပြန်လိုက်သည်။မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းနှင့် အရှေ့ပိုင်းဒေသများ၏ ၆၀ ရာခိုင်နှုန်းခန့်တွင် မိုးကြိုးမုန်တိုင်းများနှင့် မိုးသည်းထန်စွာ ရွာသွန်းနိုင်သဖြင့် မြေနိမ့်ပိုင်းနှင့် တောင်ကုန်းဒေသများ၌ ရုတ်တရက် ရေကြီးရေလျှံမှုနှင့် တောင်ကျရေများ ဖြစ်ပေါ်လာနိုင်ကြောင်း သတိပေးထားသည်။ထို့ပြင် မြောက်ပိုင်း ချင်းရိုင်ခရိုင်ရှိ စိုင်းမြစ်ရေ ဆက်လက် မြင့်တက်နေသဖြင့် ရေကြီးမှုအတွက် ကယ်ဆယ်ရေး ဝန်ထမ်းများနှင့် စက်ယန္တရားများ ကြိုတင်ပြင်ဆင်ထားကြရန် ညွှန်ကြားထားသည်။အလားတူ ဖက်ချဘွန်ခရိုင်၊ လွန်ဆက်မြို့နယ်၌လည်း မြစ်ရေမြင့်တက်မှုကြောင့် ဩဂုတ် ၁ ရက်က ရေကာတာ ကျိုးပေါက်ကာ အိမ်ခြေ ၁၅၀ ကျော် ရေနစ်မြုပ်ခဲ့သော်လည်း လူထိခိုက်မှု မရှိဘဲ လက်ရှိတွင် အခြေအနေကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။
Aug 04 • 1:46 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 14 | 0 | 0 | 0 |


