back

ဧရာဝတီတိုင်း၊ လေးမျက်နှာ-ငါးသိုင်းချောင်း လမ်းပေါ်ရှိ ကွန်ကရစ်တံတား ရေစီးဖြင့် မျောပါပျက်စီး

Aug 04 • 1:43 AM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ဧရာဝတီတိုင်း၊ လေးမျက်နှာ-ငါးသိုင်းချောင်း လမ်းပေါ်ရှိ ကွန်ကရစ်တံတား ရေစီးဖြင့် မျောပါပျက်စီး

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ ကျိုးပေါက်မှုကြောင့် လေးမျက်နှာ-ငါးသိုင်းချောင်း ကားလမ်းမပေါ် လက်သမား (ကရင်) ကျေးရွာအနီးရှိ တံတားအမှတ် (၂/...

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ ကျိုးပေါက်မှုကြောင့် လေးမျက်နှာ-ငါးသိုင်းချောင်း ကားလမ်းမပေါ် လက်သမား (ကရင်) ကျေးရွာအနီးရှိ တံတားအမှတ် (၂/၆) မှာ ရေတိုက်စား၍ ရေစီးနှင့်အတူ မျောပါပျက်စီးသွားခဲ့ကြောင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနထံမှ သိရသည်။အဆိုပါ ပျက်စီးသွားသည့် တံတားမှာ အလျား ၁၅ ပေ၊ အနံ ၁၂ ပေရှိ ရေနုတ်ပြွန် ကွန်ကရစ်တံတားဖြစ်ပြီး မိုင်တိုင်အမှတ် ၆ မိုင် ၃ ဖာလုံနှင့် ၄ ဖာလုံကြားတွင် တည်ရှိကြောင်းသိရသည်။ထို့အပြင် ငဝန်မြစ်ရေ လျှံတက်လာမှုကြောင့် ကြိုးကြာကွင်းနှင့် ထိန်တောကြီး ကျေးရွာအုပ်စုအတွင်းရှိ လယ်ကွင်းများအတွင်းသို့ ရေများ စီးဝင်လျက်ရှိကာ လက်ရှိတွင် ရေဘေးကယ်ဆယ်ရေးစခန်း ၉ ခု ဖွင့်လှစ်ထားရှိပြီး ထိခိုက်ခံရသည့် အိမ်ထောင်စုများကို ကူညီစောင့်ရှောက်ပေးလျက်ရှိသည်။

news-view-count-icon

57