back

တရုတ်နိုင်ငံ တိုင်ရှန်တောင်၌ ပစ္စည်းသယ်ယူရေးနှင့် အမှိုက်ရှင်းလင်းရေးအတွက် စက်ရုပ်ခွေး စတင်အသုံးပြု

Aug 04 • 1:40 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်နိုင်ငံ တိုင်ရှန်တောင်၌ ပစ္စည်းသယ်ယူရေးနှင့် အမှိုက်ရှင်းလင်းရေးအတွက် စက်ရုပ်ခွေး စတင်အသုံးပြု

တရုတ်နိုင်ငံ၊ ရှန်တုံပြည်နယ်ရှိ ထင်ရှားသော တိုင်ရှန်တောင်တွင် ယခင်က အထမ်းသမားများ ဆောင်ရွက်ခဲ့သည့် ကုန်ပစ္စည်း သယ်ယူရေးနှင့် အမှိုက်စွန့်ပစ်ရေး လုပ်ငန်းများအတွက...

တရုတ်နိုင်ငံ၊ ရှန်တုံပြည်နယ်ရှိ ထင်ရှားသော တိုင်ရှန်တောင်တွင် ယခင်က အထမ်းသမားများ ဆောင်ရွက်ခဲ့သည့် ကုန်ပစ္စည်း သယ်ယူရေးနှင့် အမှိုက်စွန့်ပစ်ရေး လုပ်ငန်းများအတွက် စက်ရုပ်ခွေးတစ်ကောင်ကို စတင် အသုံးပြုနေပြီဖြစ်ကြောင်း သိရသည်။အလျား တစ်မီတာခန့်ရှိသည့် အဆိုပါ စက်ရုပ်ခွေးသည် မတ်စောက်သော ကျောက်လှေကားထစ်များအတိုင်း သောက်ရေသန့်ဘူးများကို တောင်ပေါ်သို့ သယ်ဆောင်ပေးခြင်းနှင့် အမှိုက်များကို တောင်အောက်သို့ ပြန်လည် သယ်ဆောင်ပေးခြင်းများကို ပြုလုပ်လျက်ရှိသည်။ ၎င်းသည် တစ်ခေါက်လျှင် ၃၀ မှ ၄၅ ကီလိုဂရမ်အထိ သယ်ဆောင်နိုင်ပြီး ရပ်တန့်ထားချိန်၌ ၁၂၀ ကီလိုဂရမ်အထိ တင်ဆောင်နိုင်သည်။ထို့ပြင် ဘက်ထရီတစ်လုံးလျှင် ၄ နာရီမှ ၆ နာရီအထိ အသုံးပြုနိုင်ပြီး ဘက်ထရီ အမြန်လဲလှယ်နိုင်သည့် စနစ်ကြောင့် တစ်နေ့တာလုံး ဆက်တိုက် တာဝန်ထမ်းဆောင်နိုင်ကြောင်း သိရသည်။

news-view-count-icon

9