ထိုင်းနိုင်ငံ၊ ဖူးခက်မြို့၊ ကာရွန်မြို့နယ်ရှိ စားသောက်ဆိုင်၊ အနှိပ်ခန်းနှင့် ရေပူစမ်းများ ဖွင့်လှစ်ထားသည့် သုံးထပ် အဆောက်အအုံတစ်လုံး၌ ဩဂုတ် ၃ ရက် နံနက် ၆ နာရီ ၄၀ မိနစ်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဓာတ်လှေကားအနီးရှိ လျှပ်စစ်မီးသီး ပေါက်ကွဲရာမှ မီးစတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး စားသောက်ဆိုင် ဝန်ထမ်းများက မီးသတ်ဆေးဘူးများဖြင့် ငြှိမ်းသတ်ရန် ကြိုးပမ်းခဲ့သော်လည်း အဝတ်အထည်နှင့် အိပ်ရာခင်း အပါအဝင် မီးလောင်လွယ်သော ပစ္စည်းများကြောင့် အဆောက်အအုံ အတွင်းသို့ မီးကူးစက် ပြန့်နှံ့ခဲ့သည်။ အဆိုပါ ဖြစ်စဉ်တွင် လူထိခိုက် ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရသည်။


