ရန်ကုန် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများသို့ ယခု ဩဂုတ်လအတွင်း နိုင်ငံတကာ ကုန်သေတ္တာတင် သင်္ဘော ၆၀ စင်း ဝင်ရောက် ဆိုက်ကပ်မည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ထံမှ သိရသည်။မြန်မာနိုင်ငံ၏ ပင်လယ်ရေကြောင်း ကုန်သွယ်ရေး လုပ်ငန်းများအတွက် ကုန်သေတ္တာတင် သင်္ဘောများ လစဉ် ပုံမှန် ဝင်ရောက်လျက်ရှိရာ ပြီးခဲ့သည့် ဇန်နဝါရီလမှ ဇူလိုင်လအထိ စုစုပေါင်း သင်္ဘော ၄၀၂ စင်း ဝင်ရောက် ဆိုက်ကပ်ခဲ့ပြီး ဖြစ်သည်။လက်ရှိတွင် ရန်ကုန် ဆိပ်ကမ်း ဧရိယာ၌ ဆိပ်ကမ်း တံတား ၂၇ စင်းနှင့် သီလဝါ ဆိပ်ကမ်း ဧရိယာ၌ ၁၉ စင်း (စုစုပေါင်း ၄၆ စင်း) ဖြင့် ဝန်ဆောင်မှု ပေးလျက်ရှိသည်။ ထို့ပြင် ပြည်ပသို့ ပို့ကုန်များ တိုးမြှင့် တင်ပို့နိုင်ရေးနှင့် ပြည်တွင်း လိုအပ်ချက်အရ သွင်းကုန်များ တိုးမြှင့် တင်သွင်းနိုင်ရေးအတွက် သင်္ဘောလိုင်း အသီးသီးက ခရီးစဉ်များ ပြန်လည် တိုးချဲ့ ပြေးဆွဲရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
ရန်ကုန် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများသို့ ယခုလအတွင်း နိုင်ငံတကာ ကုန်သေတ္တာတင် သင်္ဘော ၆၀ စင်း ဝင်ရောက်ဆိုက်ကပ်မည်ဖြစ်
Aug 04 • 1:39 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 35 | 0 | 0 | 0 |


