ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့မဈေး ပတ်လည်ရှိ ငါးရက်တစ်ဈေး ရောင်းချနေသော ပျံကျဈေးသည် ၁,၀၀၀ နီးပါးကို ယာဉ်ကြော ပိတ်ဆို့မှုနှင့် လမ်းနယ်ကျူးကျော်မှုများ လျှော့ချနိုင်ရန်အတွက် ဩဂုတ် ၂ ရက် နံနက်ပိုင်းမှစ၍ ဟိုက်ဒြိုကွင်းသို့ ပြောင်းရွှေ့ပေးခဲ့ကြောင်း သိရသည်။ ဟိုက်ဒြိုကွင်းအတွင်း နံနက် ၅ နာရီမှ နေ့လယ် ၂ နာရီအထိ သတ်မှတ်နေရာများ၌ ရောင်းချရမည်ဖြစ်ပြီး သတ်မှတ်နေရာပြင်ပ ကျူးကျော်ရောင်းချခြင်း သို့မဟုတ် နေရာလွှဲပြောင်း ငှားရမ်းခြင်းများကို ခွင့်မပြုကြောင်း ကလောမြို့နယ် စည်ပင်သာယာရေးဌာနက ထုတ်ပြန်ထားသည်။ မူလနေရာတွင် ဆက်လက်ရောင်းချပါက စည်ပင်သာယာရေး ဥပဒေအရ အရေးယူမည်ဟု ထုတ်ပြန်ထားသော်လည်း ဈေးသည်နှင့် မြို့ခံအချို့ကမူ နေရာသစ် ပြောင်းရွှေ့ရသဖြင့် ဖောက်သည်ပျောက်ခြင်း၊ သွားလာရဝေးကွာခြင်း စသည့် အခက်အခဲများ ကြုံတွေ့ရမည်ကို စိုးရိမ်လျက်ရှိကြသည်။
Aug 03 • 7:42 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 22 | 0 | 0 | 0 |


