ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ မြစိမ်းတောင်နှင့် ရွှေဘုန်းပွင့်ဘုရားသွားရာလမ်းရှိ တောင်ပေါ်ဗျူးပွိုင့်တွင် အမှိုက်ပုံးများ ထားရှိပေးထားသော်လည်း လာရောက်လည်ပတ်သူအချို့ (အထူးသဖြင့် လူငယ်အချို့) က စည်းကမ်းမဲ့ မသန့်ရှင်းစွာ ပစ်ခွာခဲ့ကြသဖြင့် ပတ်ဝန်းကျင် ညစ်ညမ်းမှု ဖြစ်ပေါ်နေကြောင်း ဒေသခံများနှင့် နံနက်ခင်း လေ့ကျင့်ခန်း လုပ်သူများထံမှ သိရသည်။ စားသောက်ဖွယ်ရာ၊ အရက်၊ ဘီယာပုလင်းများနှင့် ဗူးခွံများကို အမှိုက်ပုံးအတွင်း မစွန့်ပစ်ဘဲ ပတ်ဝန်းကျင်၌ စည်းကမ်းမဲ့ ပစ်ထားခဲ့ကြသဖြင့် အနံ့ဆိုးထွက်ခြင်းနှင့် ကြွက်များ ပေါများလာခြင်းတို့ဖြစ်ပေါ်နေကာ အခွင့်အရေးယူ၍ နောက်ထပ် အမှိုက်ပစ်သူများပါ ပိုမိုများပြားလာနေသည်။ ထို့ကြောင့် သဘာဝရှုခင်း လှပသည့် အဆိုပါနေရာ သန့်ရှင်းသာယာလှပစေရန်အတွက် အသိပညာပေး စာဆိုင်းဘုတ်များ ပိုမိုစိုက်ထူပေးရန်နှင့် စည်းကမ်းလိုက်နာရေးဆိုင်ရာ ဆောင်ရွက်မှုများ တိုးမြှင့်ပြုလုပ်ပေးရန် ဒေသခံများက လိုလားနေကြသည်။
ရှမ်းပြည်နယ် တောင်ကြီးမြို့ တောင်ပေါ်ဗျူးပွိုင့်တွင် အမှိုက်ပုံးများ ထားရှိသော်လည်း စည်းကမ်းမဲ့ အမှိုက်ပစ်မှုများ ရှိနေဆဲဖြစ်
Aug 03 • 6:49 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 19 | 0 | 0 | 0 |


