အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Arnaude သည် ဒေါ်အောင်ဆန်းစုကြည်ထံ ယနေ့ ဩဂုတ် ၃ ရက် နံနက်ပိုင်းတွင် လာရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Arnaude တို့ မည်သည့်ကိစ္စများ ဆွေးနွေးခဲ့သည်ကို သတင်းထုတ်ပြန်ထားခြင်း မရှိပေ။ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေကောင်းမွန်ပြီး ပုံမှန်ကျန်းမာရေး စစ်ဆေးမှုတွေကိုလည်း ပြုလုပ်ပေးနေတယ်လို့လည်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။ပြည်တွင်း၊ပြည်ပသတင်းဌာနအသီးသီးမှလည်း ယခုသတင်းကို ဖော်ပြ မျှဝေပေးလျက်ရှိကြောင်း သိရပါသည်။




