ဂျပန်အစိုးရသည် ၂၀၄၀ ပြည့်နှစ်များအတွင်း သက်တမ်း ၆၀ ပြည့်၍ ပိတ်သိမ်းရမည့် နျူကလီးယား ဓာတ်ပေါင်းစက်များကြောင့် ဖြစ်ပေါ်လာနိုင်သည့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြေရှင်းရန်အတွက် နျူကလီးယား ဓာတ်ပေါင်းစက် အသစ် ၂ လုံးမှ ၅ လုံးအထိ ပြန်လည်တည်ဆောက်သွားမည့် မူဝါဒ လမ်းညွှန်ချက်ကို အတည်ပြုလိုက်သည်။
၂၀၁၁ ခုနှစ် ဖူကူရှီးမား နျူကလီးယား မတော်တဆမှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဂျပန်အစိုးရအနေဖြင့် နျူကလီးယား ဓာတ်ပေါင်းစက် အသစ် ပြန်လည်တည်ဆောက်ရေး လျှာထားချက်ကို ပထမဆုံးအကြိမ် ချမှတ်ခဲ့ခြင်းဖြစ်သည်။ဝန်ကြီးချုပ် စာနာအဲ တာကာအိချိ (Sanae Takaichi) က နျူကလီးယား စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများနှင့် လူသားအရင်းအမြစ် လေ့ကျင့်ရေးများကို အစိုးရက ပံ့ပိုးပေးသွားမည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် ၂၀၅၀ ပြည့်နှစ်များအရောက်တွင် ဓာတ်ပေါင်းစက် ၁၁ လုံးမှ ၁၄ လုံးအထိ ပြန်လည်တည်ဆောက်ရန် မျှော်မှန်းထားပြီး ၂၀၄၀ ပြည့်နှစ် ဘဏ္ဍာရေးနှစ်တွင် အမျိုးသား လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု၏ ၂၀ ရာခိုင်နှုန်းခန့်ကို နျူကလီးယား စွမ်းအင်မှ ရယူနိုင်ရန် ပစ်မှတ်ထားဆောင်ရွက်လျက်ရှိသည်။



