မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် ဓာတ်ဆီတစ်လီတာလျှင် ပြင်ပပေါက်ဈေး ကျပ် ၁၃,၀၀၀ အထိ စံချိန်တင် မြင့်တက်သွားခဲ့သဖြင့် ကျောင်းဆရာ/မများ သွားလာရန် အခက်အခဲဖြစ်ပေါ်ကာ မြို့အနီးရှိ အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းကျောင်း အများစုကို ဩဂုတ် ၁ ရက်မှစတင်၍ ၅ ရက်တာ ယာယီပိတ်လိုက်ရကြောင်း သိရသည်။ သတ်မှတ်ထားသည့် ရည်ညွှန်းဈေးမှာ တစ်လီတာလျှင် ကျပ် ၃,၆၀၀ ကျော် ဖြစ်သော်လည်း စက်သုံးဆီ သယ်ယူခွင့် ကန့်သတ်ခြင်းတို့ကြောင့် မြင်းခြံခရိုင်အတွင်း ဆီဈေးနှုန်းများ အဆမတန် မြင့်တက်နေခြင်းဖြစ်သည်။ အထူးသဖြင့် တောင်သာမြို့နယ်သည် ဓာတ်ဆီဈေးနှုန်း မြင့်တက်မှု အဆိုးရွားဆုံး ကြုံတွေ့နေရပြီး ဆီဝယ်ယူရရှိရန်ပါ ခက်ခဲနေကြောင်း ဒေသခံများထံမှ သိရသည်။
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၌ ဓာတ်ဆီဈေး ကျပ် ၁၃,၀၀၀ ထိ မြင့်တက်လာသဖြင့် ကျောင်းများ ယာယီပိတ်လိုက်ရ
Aug 03 • 4:23 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 25 | 0 | 0 | 0 |


