back

ဂျပန် ယန်းငွေတန်ဖိုး ထိန်းသိမ်းရေးအတွက် အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်ရန် လုပ်ဆောင်နေ

Aug 03 • 4:22 AM

breaking-news

ဂျပန်

ပြည်တွင်းသတင်း

cover

ဂျပန် ယန်းငွေတန်ဖိုး ထိန်းသိမ်းရေးအတွက် အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်ရန် လုပ်ဆောင်နေ

ဂျပန်ယန်းငွေတန်ဖိုး ပြင်းထန်စွာ ကျဆင်းမှုကို ထိန်းသိမ်းရန်အတွက် ဂျပန်နှင့် အမေရိကန် ဘဏ္ဍာရေး အာဏာပိုင်များအကြား ပူးပေါင်းဆောင်ရွက်မှု (Joint Action) ဖြစ်ပေါ်လာန...

ဂျပန်ယန်းငွေတန်ဖိုး ပြင်းထန်စွာ ကျဆင်းမှုကို ထိန်းသိမ်းရန်အတွက် ဂျပန်နှင့် အမေရိကန် ဘဏ္ဍာရေး အာဏာပိုင်များအကြား ပူးပေါင်းဆောင်ရွက်မှု (Joint Action) ဖြစ်ပေါ်လာနိုင်ခြေ အပေါ် ကမ္ဘာ့ဘဏ္ဍာရေး ဈေးကွက်က အနီးကပ် စောင့်ကြည့်လျက်ရှိသည်။လွန်ခဲ့သည့်ရက်ပိုင်းက ယန်းငွေတန်ဖိုး ရုတ်တရက် ပြန်လည်မြင့်တက်လာမှုတွင် အမေရိကန် အာဏာပိုင်များက ဘဏ်များသို့ Exchange Rate စုံစမ်းစစ်ဆေးမှုများ (Rate Check) ပြုလုပ်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် နှစ်နိုင်ငံ ပူးပေါင်းစွက်ဖက်မှု သံသယများ ပိုမိုအားကောင်းလာခဲ့ခြင်းဖြစ်သည်။ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ဂျပန်ဘဏ္ဍာရေးဝန်ကြီးဌာနတို့အကြား ပူးပေါင်းဆောင်ရွက်မှုသည် ယန်းငွေတန်ဖိုး စံချိန်တင် ကျဆင်းနေမှုကို ရေတိုအားဖြင့် ထိန်းသိမ်းပေးနိုင်သော်လည်း နှစ်နိုင်ငံအကြား အတိုးနှုန်း ကွာခြားချက်များ ဆက်လက်ရှိနေသရွေ့ ယန်းငွေအပေါ် ဖိအားများ ဆက်လက်ရှိနေဦးမည်ဟု စီးပွားရေး လေ့လာသူများက သုံးသပ်ထားကြသည်။

news-view-count-icon

19