မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မုယောင်းကျေးရွာရှိ အမှိုက်ကျင်းဧရိယာအတွင်း သဘာဝမြေဩဇာ (Waste to Compost) စက်ရုံ တည်ဆောက်ရန်အတွက် မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့က ကိုယ်ပိုင်ရင်းနှီးမြှုပ်နှံလိုသည့် မြန်မာနိုင်ငံသား လုပ်ငန်းရှင် ကုမ္ပဏီများထံမှ အဆိုပြုလွှာများ ဖိတ်ခေါ်ထားကြောင်း ဩဂုတ် ၂ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ကြေညာခဲ့သည်။ စိတ်ပါဝင်စားသူများသည် လျှောက်လွှာများကို ဩဂုတ် ၃ ရက်မှ ၁၄ ရက်အထိ ရုံးချိန်အတွင်း ငွေကျပ် ၅၀,၀၀၀ ဖြင့် ဝယ်ယူနိုင်ပြီး ဩဂုတ် ၁၉ ရက် နောက်ဆုံးထား၍ မော်လမြိုင်မြို့ရှိ မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ရုံးသို့ လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။
Aug 03 • 4:21 AM
မြန်မာ
မွန်
မျှဝေမည်
| 18 | 0 | 0 | 0 |


