မကွေးတိုင်း၊ မကွေးမြို့၊ ယင်းသာစည် (န) ကျေးရွာတွင် ဩဂုတ် ၂ ရက် နံနက် ၆ နာရီခန့်က အသက် (၄၂) နှစ်အရွယ် အမျိုးသားတစ်ဦး လယ်ထွန်စက်ပေါ်မှ ပြုတ်ကျကာ ထွန်စက်ဓားသွားများဖြင့် ခုတ်မိပြီး သေဆုံးသွားခဲ့ကြောင်း M-Rescue Magway မြေပြင်လူမှုကူညီရေးအသင်းထံမှ သိရသည်။ အဆိုပါ ဖြစ်စဉ်သည် မကွေးမြို့၌ ပထမဆုံးအကြိမ် ဖြစ်ပွားခြင်းဖြစ်ပြီး သေဆုံးသူ၏ ရုပ်အလောင်းအား လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်နိုင်ရန်အတွက် လူမှုကူညီရေးအသင်း ယာဉ်ဖြင့် မကွေးတိုင်း ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
Aug 03 • 3:40 AM
မြန်မာ
မကွေး
မျှဝေမည်
| 17 | 0 | 0 | 0 |


