မလေးရှားနိုင်ငံ၊ဆလန်ဂေါပြည်နယ်၊ ပို့ကလန်း (Port Klang) တွင် လမ်းဘေးခွေးများ ဖမ်းဆီးထိန်းသိမ်းသည့် စီမံချက်အတွင်း အိမ်မွေးခွေးတစ်ကောင် သေဆုံးခဲ့သည့် ဖြစ်စဉ်ကြောင့် ပြည်သူများ၏ မကျေမနပ်ဖြစ်မှုများ ထွက်ပေါ်လာပြီးနောက် ပြည်နယ်အစိုးရအနေဖြင့် ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့ (PBT) အားလုံး၌ လမ်းဘေးတိရစ္ဆာန်များ စီမံခန့်ခွဲမှု လုပ်ထုံးလုပ်နည်း (SOP) များကို ပြန်လည်သုံးသပ်ပြင်ဆင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ပြည်နယ် ဒေသဆိုင်ရာ အာဏာပိုင်နှင့် ခရီးသွားလာရေး ကော်မတီဥက္ကဋ္ဌ Datuk Ng Suee Lim ၏ ပြောကြားချက်အရ ယင်းသုံးသပ်မှုတွင် ဝန်ထမ်းများ၏ လေ့ကျင့်ရေး သင်တန်းများ၊ စစ်ဆင်ရေး လုပ်ထုံးလုပ်နည်းများနှင့် မွေးမြူရေးဝန်ဆောင်မှုဌာန (DVS) အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်သွားမည်ဖြစ်သည်။ အဆိုပါ လုပ်ဆောင်ချက်သည် တိရစ္ဆာန်များအပေါ် ကြင်နာသနားမှု ရှိစေရန်နှင့် မည်သူမျှ ဥပဒေ၏ အထက်တွင် မရှိစေရဆိုသည့် ဆလန်ဂေါ မိဖုရားကြီး Tengku Permaisuri Norashikin ၏ တိုက်တွန်းချက်အတိုင်း လိုက်နာဆောင်ရွက်ခြင်းဖြစ်ပြီး ဖြစ်စဉ်နှင့် ပတ်သက်၍လည်း ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ စတင်ဆောင်ရွက်နေပြီဖြစ်သည်။
မလေးရှား၌ လမ်းဘေးတိရစ္ဆာန် ထိန်းသိမ်းရေး လုပ်ထုံးလုပ်နည်း (SOP) များကို ပြန်လည်သုံးသပ်ရန် ဆလန်ဂေါအစိုးရ ပြင်ဆင်နေ
Aug 03 • 3:39 AM
မလေးရှား
ပြည်တွင်း
မျှဝေမည်
| 7 | 0 | 0 | 0 |


