back

ဗီယက်နမ်၌ ဒေါ်လာ ၂ ဘီလီယံတန် ဟိုချီမင်း-ဘင်းဒေါင်း မက်ထရို ရထားလမ်း စီမံကိန်းအတွက် မြေပြင်စမ်းသပ် တူးဖော်မှုများ စတင်

Aug 03 • 2:59 AM

breaking-news

ဗီယက်နမ်

ပြည်တွင်းသတင်း

cover

ဗီယက်နမ်၌ ဒေါ်လာ ၂ ဘီလီယံတန် ဟိုချီမင်း-ဘင်းဒေါင်း မက်ထရို ရထားလမ်း စီမံကိန်းအတွက် မြေပြင်စမ်းသပ် တူးဖော်မှုများ စတင်

ဗီယက်နမ်၊ဟိုချီမင်းစီးတီး၏ Suoi Tien နှင့် Binh Duong မြို့သစ်တို့ကို ဆက်သွယ်ပေးမည့် ခန့်မှန်းခြေ ဗီယက်နမ်ဒေါင် ၅၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂ ဘီလီယံခန့်) တန်ကြေး...

ဗီယက်နမ်၊ဟိုချီမင်းစီးတီး၏ Suoi Tien နှင့် Binh Duong မြို့သစ်တို့ကို ဆက်သွယ်ပေးမည့် ခန့်မှန်းခြေ ဗီယက်နမ်ဒေါင် ၅၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂ ဘီလီယံခန့်) တန်ကြေးရှိ မက်ထရို ရထားလမ်း စီမံကိန်းအတွက် မြေဆီလွှာနှင့် မြေပြင်စမ်းသပ် တူးဖော်မှု (Geotechnical drilling) လုပ်ငန်းများကို အာဏာပိုင်များက စတင်ဆောင်ရွက်နေပြီဖြစ်သည်။အဆိုပါ Binh Duong New City-Suoi Tien မက်ထရို ရထားလမ်းသည် ၃၁.၆ ကီလိုမီတာ ရှည်လျားမည်ဖြစ်ပြီး အစိုးရ၏ ဦးစားပေး ဆောင်ရွက်မည့် မက်ထရို စီမံကိန်းများအနက် တစ်ခုဖြစ်သည်။ အဆိုပါ လမ်းကြောင်းအပြင် အမေရိကန်ဒေါ်လာ ၄.၃ ဘီလီယံ ကုန်ကျမည့် Thu Dau Mot-Ho Chi Minh City မက်ထရို လမ်းကြောင်းကိုပါ ယခုနှစ်ကုန်ပိုင်းတွင် စတင်ပန္နက်ရိုက် တည်ဆောက်ရန်နှင့် ၂၀၃၀ ပြည့်နှစ်တွင် အပြီးသတ် ပြေးဆွဲနိုင်ရန် လျာထားသည်။ ယခုကဲ့သို့ မက်ထရို ကွန်ရက် တိုးချဲ့ခြင်းသည် ယာဉ်ကြော ပိတ်ဆို့မှုများကို လျှော့ချပေးနိုင်မည်ဖြစ်ပြီး စီးပွားရေး ဗဟိုချက်များအကြား ဆက်သွယ်ရေးကို ပိုမို အားကောင်းစေမည်ဖြစ်သည်။

news-view-count-icon

7