မကွေးမြို့ နှမ်းဈေးကွက်သို့ ဧရာဝတီမြစ် အနောက်ဘက်ခြမ်းမှ ဝင်ရောက်လာသည့် ရေသွင်းနှမ်းများမှာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် အရည်အသွေး နိမ့်ကျနေသဖြင့် အရောင်းအဝယ် အေးစက်နေကြောင်း မကွေးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးကျော်ထွန်းထံမှ သိရသည်။ ယခင်နှစ် နှမ်းပေါ်ချိန်က စမုံနှမ်းနက် ဈေးကောင်းရခဲ့သဖြင့် ယခုနှစ်တွင် တောင်သူများက စမုံနှမ်းနက်ကို အဓိကထား စိုက်ပျိုးခဲ့ကြသော်လည်း လက်ရှိတွင် စမုံနှမ်းနက် တစ်တင်းလျှင် အမြင့်ဆုံး ကျပ် (၁၈၀,၀၀၀) ဝန်းကျင်သာ ရရှိတော့သဖြင့် တောင်သူများ အရှုံးပေါ်နိုင်ကြောင်း သိရသည်။ သို့သော် အရည်အသွေးကောင်းမွန်သည့် ဧရာဝတီမြစ် အရှေ့ဘက်ခြမ်း မကွေးနှမ်းများမှာမူ ဩဂုတ်လလယ်ခန့်မှ လှိုင်လှိုင် ထွက်ရှိလာမည် ဖြစ်သည်။
Aug 03 • 2:58 AM
မြန်မာ
မကွေး
မျှဝေမည်
| 34 | 0 | 0 | 0 |


