ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ တိုနေးရီး (Toneri) ပန်းခြံအတွင်း၌ ဒုတိယအကြိမ်မြောက် ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်ကို ယမန်နေ့ ဩဂုတ် ၂ ရက်နေ့က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ ဂျပန်ရောက် ရခိုင်တိုင်းရင်းသားများအပါအဝင် အခြား တိုင်းရင်းသားများ ပါဝင်ဆင်နွှဲခဲ့ကြပြီး စုစုပေါင်း လူဦးရေ ၄,၀၀၀ ခန့် လာရောက်အားပေးခဲ့ကြသည်။ အဆိုပါ ပွဲတော်ကို ရခိုင်ရိုးရာ ယဉ်ကျေးမှုကို ဂျပန်အစိုးရနှင့် အခြားတိုင်းရင်းသားများ သိရှိနားလည်စေရန်နှင့် ပွဲမှရရှိသည့် အကျိုးအမြတ်များကို ရခိုင်ပြည်နယ်အတွင်းရှိ ရေဘေးသင့် ပြည်သူများအတွက် ထောက်ပံ့လှူဒါန်းရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။ ပွဲတော်တွင် ဝင်ကြေးအဖြစ် ဂျပန်ယန်း ၁,၀၀၀ သတ်မှတ်ထားပြီး ရေကစားမဏ္ဍပ်၊ ရိုးရာ အဆိုအက၊ သံချပ်၊ ပြခန်းများ၊ ရိုးရာ အစားအသောက် ရောင်းချပွဲများ ပါဝင်ခဲ့ကာ ဂျပန်နိုင်ငံ၏ ရာသီဥတုအရ ဩဂုတ်လအတွင်း ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ ဒုတိယအကြိမ် ကျင်းပခဲ့ရာ လူပေါင်း ၄,၀၀၀ ခန့် တက်ရောက်ဆင်နွှဲ
Aug 03 • 2:48 AM
မြန်မာ
ရခိုင်
မျှဝေမည်
| 30 | 0 | 0 | 0 |


