back

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ ရေစီးဖြင့် မျောပါနေသူ ၁၁ ဦးကို ကယ်ဆယ်နိုင်ခဲ့

Aug 03 • 1:57 AM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ ရေစီးဖြင့် မျောပါနေသူ ၁၁ ဦးကို ကယ်ဆယ်နိုင်ခဲ့

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် ငဝန်မြစ်ရေကာတာ ကျိုးပေါက်မှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားနေစဉ် ဩဂုတ် ၂ ရက် ညပိုင်းက ရေစီးနှင့်အတူ မျောပါနေသည့် ပြ...

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် ငဝန်မြစ်ရေကာတာ ကျိုးပေါက်မှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားနေစဉ် ဩဂုတ် ၂ ရက် ညပိုင်းက ရေစီးနှင့်အတူ မျောပါနေသည့် ပြည်သူ ၁၁ ဦးကို မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) နှင့် မဏီစလ လူမှုကူညီရေးအဖွဲ့တို့ ပူးပေါင်း၍ ဘေးအန္တရာယ်ကင်းစွာ ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။ လေးမျက်နှာမြို့နယ်အတွင်း ဩဂုတ် ၂ ရက်အထိ စာရင်းများအရ ရပ်ကွက် ၅ ခုနှင့် ကျေးရွာ ၁၄ ရွာမှ အိမ်ထောင်စု ၃,၂၁၅ စု၊ လူဦးရေ ၁၄,၀၅၆ ဦး ရေဘေးသင့်ခဲ့ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားထားသည်။ လက်ရှိတွင် မြို့နယ်အတွင်း ကယ်ဆယ်ရေးစခန်း ၉ ခု ဖွင့်လှစ်ထားရှိပြီး အိမ်ထောင်စု ၄၄၁ စုမှ လူဦးရေ ၁,၄၁၁ ဦး ခိုလှုံလျက်ရှိကြောင်း သိရသည်။

news-view-count-icon

13