စက်တင်ဘာလအတွင်း ယှဉ်ပြိုင်ရမည့် ၂၀၂၉ အာရှဖလား ယူ-၂၀ ခြေစစ်ပွဲအတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) သည် မြန်မာ ယူ-၁၉ အသင်းကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းရန် ရန်ကုန်မြို့ရှိ MFF လေ့ကျင့်ရေးကွင်း-၁ ၌ (၄) ပွင့်ဆိုင် ခြေစမ်းပွဲများ ကျင်းပပြုလုပ်ခဲ့ရာ ဇူလိုင် ၂၈ ရက်တွင် ပြီးစီးခဲ့ပြီဖြစ်သည်။ အဆိုပါ ခြေစမ်းပွဲများတွင် မြန်မာ ယူ-၁၉၊ ပြည်နယ်နှင့်တိုင်း ယူ-၁၈၊ ယူ-၂၀ လက်ရွေးစင်နှင့် Falcon အသင်းတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာ ယူ-၁၉ အသင်းက ၃ ပွဲစလုံး အနိုင်ရရှိခဲ့သည်။ မြန်မာ ယူ-၁၉ အသင်းကို ဂျပန်နိုင်ငံသား နည်းပြ ရုဂျီဆူရိုကာက ဆက်လက် ကိုင်တွယ်မည်ဖြစ်ပြီး ပြင်ဆင်ထားသည့် ကစားသမား စာရင်းကို မကြာမီ ထုတ်ပြန်သွားမည်ဖြစ်သည်။ မြန်မာ ယူ-၁၉ အသင်းသည် လာမည့် ၂၀၂၉ အာရှဖလား ယူ-၂၀ ခြေစစ်ပွဲတွင် မော်ဒိုက်၊ ဘရူနိုင်း၊ သီရိလင်္ကာ အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်ကြောင်း သိရသည်။
Aug 03 • 1:56 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 22 | 0 | 0 | 0 |


