back

လာအိုနိုင်ငံ၊အတ္တပူ ပြည်နယ်တရားရုံးက အဂတိလိုက်စားမှုကြီးတွင် ပါဝင်သည့် အရာရှိ ၁၀ ဦးကို ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်

Aug 03 • 1:57 AM

breaking-news

လာအို

ပြည်တွင်းသတင်း

cover

လာအိုနိုင်ငံ၊အတ္တပူ ပြည်နယ်တရားရုံးက အဂတိလိုက်စားမှုကြီးတွင် ပါဝင်သည့် အရာရှိ ၁၀ ဦးကို ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်

လာအိုနိုင်ငံ၊ အတ္တပူ (Attapeu) ပြည်နယ် ပြည်သူ့တရားရုံးသည် ၂၀၂၁ မှ ၂၀၂၄ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိ အဂတိလိုက်စားမှုကြီးတွင် ပ...

လာအိုနိုင်ငံ၊ အတ္တပူ (Attapeu) ပြည်နယ် ပြည်သူ့တရားရုံးသည် ၂၀၂၁ မှ ၂၀၂၄ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိ အဂတိလိုက်စားမှုကြီးတွင် ပါဝင်ပတ်သက်ခဲ့သည့် ပြည်နယ်အရာရှိ ၁၅ ဦးကို ပြစ်ဒဏ် အသီးသီး ချမှတ်ခဲ့ပြီး ယင်းအနက်မှ ပြည်နယ်ရုံးနှင့် ဘဏ္ဍာရေးဌာန အရာရှိဟောင်း ၁၀ ဦးကို ထောင်ဒဏ်တစ်သက် ပြစ်ဒဏ် ချမှတ်လိုက်သည်။စုံစမ်းစစ်ဆေးမှုများအရ အဆိုပါ အဂတိလိုက်စားမှု ကွန်ရက်သည် လာအိုကီးပ် ၅၁.၉ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂.၄ သန်းခန့်) နှင့် အမေရိကန်ဒေါ်လာ ၂.၃ သန်းကျော် အပါအဝင် နိုင်ငံတော် ဘဏ္ဍာငွေများကို လေလွင့်ဆုံးရှုံးစေခဲ့ကြောင်း တွေ့ရှိရသည်။ ကျန်ရှိသည့် အရာရှိ ၅ ဦးကိုလည်း ကျူးလွန်သည့် အပြစ်အလိုက် ထောင်ဒဏ် ၅ နှစ်မှ နှစ် ၂၀ အထိ ပြစ်ဒဏ်များ ချမှတ်ခဲ့ပြီး လာအိုအစိုးရအနေဖြင့် နိုင်ငံပိုင် ဘဏ္ဍာငွေများ အဂတိလိုက်စားမှုကို အရှိန်အဟုန်မြှင့် ဖိဖိစီးစီး တိုက်ဖျက်လျက်ရှိကြောင်း ထင်ဟပ်နေသည်။

news-view-count-icon

11